CALL: +95 1 204020   dpsmap@gmail.com

TOURIST MAPS OF MYANMAR (TMM)

Tourist Maps of Myanmar သည် ဟိုတယ်ခရီးဝန်ကြီးဌာန၏ အသိအမှတ်ပြု မြေပုံတစ်ခုဖြစ်ပြီး သယ်ဆောင်ရလွယ်ကူအောင် တစ်ရွက်တည်းနှင့် အချက်အလက်များ အားလုံးကို စုံလင်စွာ၊ ရှင်းလင်းပြတ်သားစွာဖော်ပြထားသော လမ်းညွှန်မြေပုံဖြစ်ပါသည်။ နိုင်ငံတကာ ခရီးသွားပြပွဲများတွင်လည်း D.P.S ၀န်ထမ်းများကိုယ်တိုင် ဝေငှပေးခဲ့ပြီး ဖြစ်ပါသည်။
ထိုမြေပုံတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကျိုက်ထီးရိုး၊ ငပလီ၊ ငွေဆောင်၊ တောင်ကြီး၊ အင်းလေးကန်နှင့် ဘားအံမြို့တို့၏ စိတ်ဝင်စားဖွယ်ရာနေရာများ၊ လူသိများသည့် တန်ခိုးကြီးဘုရားများ၏ ရှုခင်းအလှများ၊ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ဖော်ပြထားပါသည်။ Tourist Maps of Myanmar (TMM) သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ မြို့များတွင် အချိန်ကုန်သက်သာစွာ လေ့လာလည်ပတ်နိုင်ရန် အကောင်းဆုံး အထောက်အကူပြုမည့် မြေပုံဖြစ်ပါသည်။
ယခုထုတ်ဝေမည် Tourist Maps of Myanmar (TMM) သည်မြေပုံပါ အချက်အလက်များကို Update လုပ်၍ ယခင်နှစ်များနည်းတူ မိမိနိုင်ငံအတွက် ကိုယ်စားပြုသော မြေပုံများကို နိုင်ငံတကာခရီးသွားပြပွဲများတွင် သွားရောက်ဝေငှပေးနိုင်ရန်အတွက် နှစ်စဉ်အားပေးကူညီခဲ့သော ကြော်ငြာရှင်များမှလည်း ဆက်လက်ကူညီပေးပါရန်နှင့် လုပ်ငန်းသစ်၊ မိတ်ဆွေသစ်များမှလည်း ကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။
မရှိမဖြစ်အသုံးဝင်သော Tourist Maps of Myanmar (TMM) တွင် ကြော်ငြာခြင်းဖြင့် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
ဖုန်းလေးတစ်ချက်သာ ကောက်ဆက်လိုက်ပါ - 20 40 20 (4 Lines), 09 774 20 40 20, 09 775 20 40 20

Photo_1

Photo_2

Photo_3

Photo_4

Photo_5

 
TMM - 57

Free Map Order

Select One
Full Name
Email Address
Type of Map
Mailing Address to Send Map
Street
Township
City
Country
    
Design Printing Services Co., Ltd. (D.P.S)

165/167, Rm.4, 1st Flr., 35th Street, Kyauktada Township,
Yangon, Myanmar (Burma).

Phone_Icon (+95-1) 20 40 20, 245 230
     (+95-9) 774 204020, 775 204020

Email_Icon dpsmap@gmail.com