+959 774204020 dpsmap@gmail.com

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့်  ထုတ်ဝေသော The Map of Bagan (MOB-20-2018) တွင် လူကြီးမင်းတို့လုပ်ငန်းတည်နေရာနှင့် ကြော်ငြာကို ထည့်သွင်းနိုင်ပါပြီ။

Design Printing Services (D.P.S) သည် ၁၉၉၆ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း Tourist Guide Map ၆ မျိုးကို တစိုက်မတ်မတ် ဖြန့်ချိလျက်ရှိရာ ယခုအချိန်ထိ Tourist Guide Map ပေါင်း ၃ သန်းကျော်ကို Tourism Industry တွင် တွင်ကျယ်စွာ ဖြန့်ချိပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့  လာရောက်လည်ပတ်သော နိုင်ငံခြားသားဧည့်သည်များ၏ ၉၅% သည် ရှေးဟောင်းအမွေအနှစ်များပေါများရာ ပုဂံမြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် လာရောက်လေ့လာကြပါသည်။ ထိုအခါ သွားလာလည်ပတ်လေ့လာရာတွင် အဆင်ပြေချောမွေ့စေရန် မြေပုံကို အသုံးပြုကြပါသည်။

The Map of Bagan သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂံသို့လာရောက်လည်ပတ်ကြမည့်သူများအတွက် ပုဂံညောင်ဦးဒေသအတွင်း အချိန်ကုန်သက်သာစွာ လေ့လာလည်ပတ်နိုင်ရန် အကောင်းဆုံး အထောက်အကူပြုသည့် မြေပုံဖြစ်ပါသည်။

ယခုထုတ်ဝေမည့် The Map of Bagan (MOB-20-2018)  သည်မြေပုံပါ အချက်အလက်များကို Update လုပ်၍ ယခင်နှစ်များ နည်းတူ မိမိ နိုင်ငံအတွက် ကိုယ်စားပြုသော မြေပုံများကို  နိုင်ငံတကာခရီးသွားပြပွဲများတွင် သွားရောက်ဝေငှပေးနိုင်ရန်အတွက် နှစ်စဉ်အားပေးကူညီခဲ့သော ကြော်ငြာရှင်များမှလည်း ဆက်လက်ကူညီပေးပါရန်နှင့် လုပ်ငန်းသစ်၊ မိတ်ဆွေသစ်များမှလည်း ကူညီပံ့ပိုးပေးကြပါရန် ဖိတ်ခေါ်အပ်ပါသည်။

ဤစာနှင့်အတူ  The Map of Bagan (MOB-20-2018) ၏ အချက်အလက်များနှင့် ကြော်ငြာဈေးနှုန်းများကို ပူးတွဲဖော်ပြထားပါသည်။

မရှိမဖြစ်အသုံးဝင်သော The Map of Bagan (MOB-20-2018) တွင် ကြော်ငြာခြင်းဖြင့် လူကြီးမင်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်အောင်မြင်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။

ဖုန်းလေးတစ်ချက်သာ ကောက်ဆက်လိုက်ပါ – ဝ၉ ၇၇၄ ၂၀ ၄၀ ၂၀၊ ဝ၉ ၇၇၅ ၂၀ ၄၀ ၂၀