+959 774204020 dpsmap@gmail.com

 

ရှေးဟောင်းအမွေအနှစ်များရှိရာ ပုဂံမြေသို့ လာရောက်လည်ပတ်လိုသူ ပြည်တွင်းပြည်ပဧည့်သည်များ သွားလာရလွယ်ကူစေရန်အတွက် ရည်ရွယ်ပြီး DPS မှ စီစဉ်ပုံနှိပ်ထားသော The Map of Bagan Guide Map 2018-2019 (Issue 20) ထွက်ရှိပါပြီ။ သို့ဖြစ်ပါ၍ The Map of Bagan Guide Map အား DPS ရုံးတွင် မိမိတို့၏ ရုံး Letter Head ပါသော Request စာဖြင့် အခမဲ့လာရောက်ထုတ်ယူနိုင်ပါသည်။

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ဧည့်သည်များ၏ ၉၅% သည် ရှေးဟောင်းအမွေအနှစ်များ ပေါများရာ ပုဂံမြေသို့ ဆိုက်ဆိုက်မြိုက်မြိုက် လာရောက်လေ့ ရှိကြပါသည်။ ထိုအခါ သွားလာလည်ပတ်လေ့လာရာတွင် အဆင်ပြေချောမွေ့စေရန် မြေပုံကို အသုံးပြုကြပါသည်။

The Map of Bagan (MOB) သည် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပုဂံသို့လာရောက် လည်ပတ်ကြမည့်သူများအတွက် ပုဂံညောင်ဦးဒေသအတွင်း အချိန်ကုန်သက်သာစွာ လေ့လာလည်ပတ်နိုင်ရန် အကောင်းဆုံး အထောက်အကူပြုသည့် မြေပုံဖြစ်ပြီး သယ်ဆောင်ရလွယ်ကူအောင် တစ်ရွက်တည်းနှင့် အချက်အလက်များအားလုံးကို စုံလင်စွာ၊ ရှင်းလင်းပြတ်သားစွာ ဖော်ပြထားသော လမ်းညွှန်မြေပုံဖြစ်ပါသည်။

Contact Number : 09 774 20 40 20, 09 775 20 40 20